ကြံရာသီကြံစိုက်ခင်းများ အထွက်နှုန်းတိုးတက်​ကောင်းမွန်​စေ​ရေး ကွင်းသရုပ်ပြပွဲ​ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ် ကြံရာသီတွင် ကြံစိုက်ခင်းများ အထွက်နှုန်းတိုးတက်​ကောင်းမွန်​စေ​ရေး ကြံမျိုးကောင်းမျိုးသန့် စိုက်ပျိုးရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ညောင်ပင်သာ)၌ မိုးစိုက်မျိုးကြံ သက်နုမျိုးစိုက်ခင်း တောင်သူကွင်းသရုပ်ပြခြင်းကို ဆောင်ရွက်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိမှုနှင့် ပျိုးဥယျာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထန်းတပင်မြို့နယ်၌ မွန်စာပေနှင့် မွန်စကားပြော သင်တန်းဆင်းပွဲ ကျင်းပ

မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှကြီးမှူးကာ  နွေရာသီမွန်စာပေနှင့် မွန်စကားပြောသင်တန်းကို ရန်ကုန်တိုင်းဒေကြီး၊ ထန်းတပင်မြို့နယ်တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ခေတ္တယာယီ) သင်တန်းခန်းမတွင် သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to