ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်ပေါင်းစုံ အလွတ်တန်း (ဖူဆယ်) အမျိုးသားဘောလုံးပြိုင်ပွဲစတင် ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခု နှစ်၊ ဒီဇင်ဘာလူထုအားကစားလအားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံအလွတ်တန်း (ဖူဆယ်) အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ခနောင်တိုအရှေ့ရပ်ကွက်ရှိ (ဖူဆယ်) ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။