ငပု‌တောမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ငပုတော ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ နွေရာသီအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်ဝာန်းသူများက အေရိုးဗစ် အကအလှများဖြင့် ဖျော်ဖြေရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး နွေရာသီ အခြေခံအားကစားသင်တန်းဆင်း လက်မှတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)