မကွေးတိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးတွင် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အပူရှောင်စခန်းများဖွင့်လှစ်ထားရှိရာ မကွေးခရိုင်၊ မကွေးမြို့တွင် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းအား ယမန်နေ့နံနက် ၁၀နာရီက မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်‌မောင်ညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကသွား ရောက်ကြည့်ရှုအားပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး မဏ္ဍပ်ဆောင်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမကြီး၌ ကွင်းဆင်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ပြည်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရစားအုန်းဆီများရောင်းချပေးမှု ရှိ/မရှိအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြည်ခရိုင်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှတာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များ၌ ပြည်သူများထံ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရ စားအုန်းဆီများရောင်းချပေးမှု ရှိ/မရှိအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြိုနယ်တွင် ဝိသာခါဖောင်ဒေးရှင်းမှလှူဒါန်းသော ကျပ်သိန်း(သုံးထောင်)တန်ဖိုးရှိ Oxygen plant ဖွင့်လှစ်ခြင်းနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဝိသာခါဖောင်ဒေးရှင်းမှဦး‌ဆောင်၍ ရဟန်ရှင်လူပြည်သူအများနှင့်အတူ စုပေါင်းလှူဒါန်းသော ကျပ်သိန်း (သုံးထောင်)တန်ဖိုးရှိ Oxygen plant ဖွင့်လှစ်ခြင်းနှင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ၌ ပြည်သူ့ဆေးရုံကြီးတွင် ဖွင့်ပွဲကျင်းပသည်။

သာယာဝတီ၌ ရေဆင်းပေါ် ဆန်းစပါးခင်းများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးစိုက်မျိုးရာသီ၌ သင်တောရိုးကျေးရွာအုပ်စုရှိ ရေဆင်း‌ပေါ်ဆန်း(၁)(၇.၅) ဧကနှင့်ရေဆင်းပေါ်ဆန်း(၂) (၂.၅)ဧက စုစုပေါင်း(၁၀ဝ)ဧက မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး စလင်းအားကစားကွင်းနှင့် အမျိုးသားရေကူးကန်တို့အားကြည့်ရှုစစ်ဆေး

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းအားကစားကွင်းသို့ရောက်ရှိ၍ ဘောလုံးကွင်းနှင့်ပွဲကြည့်စင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပွဲကြည့်စင်တာဝန်ယူဆောက်လုပ်မည့် ရှမ်းယူနိုက်တက်ကုမ္ပဏီမှ တာဝန်ရှိသူများအား အဆောက်အဦကြံ့ခိုင်မှုရှိပြီး ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ မူလပုံစံမပြောင်းလဲစေဘဲပိုမိုကောင်းမွန်အောင်ဆောက်လုပ်ပေးနိုင်စေရေး၊ အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်တည်ဆောက်ပေးနိုင်စေရေး၊ ဆောက်လုပ်မည့်လုပ်ငန်းပရောဂျက်များနှင့် သတ်မှတ်ရက်အလိုက် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြပေးသွားရန်လိုကြောင်း၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် အမြဲတမ်းသန့်ရှင်းသာယာလှပစေရေးအတွက် တာဝန်ရှိသူများကစိစစ်ကြပ်မတ်၍ စနစ်တကျတာဝန်ပေးထိန်းသိမ်းဆောင်ရွက်သွားရန်တာဝန်ရှိသူများအား အ‌သေးစိတ်မှာကြားခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဆွမ်းဆန်လောင်းလှူပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား သို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆွမ်းဆန်လောင်းလှူပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ(၄)ရက်နေ့ ယမန်နေ့ ညနေ (၄)နာရီအချိန်က သီရီမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင်သင်ကြားနေမှုများ ကြည့်ရှုအားပေး

မော်လမြိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့် တာဝန်ရှိသူများသည် ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး၏ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ စာသင်ဝိုင်းများတွင် စာသင်သားများ သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
Subscribe to