မြန်အောင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်က စာပေ ချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိအသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀က အမှတ် (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်သိပ္ပံလမ်းဆုံ ပြည်သူ့ဆေးရုံရှေ့၌ ကျင်းပသည်။

တနိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေး လက်တွေ့သရုပ်ပြပွဲဆောင်ရွက်

‎ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌‌ရေစီရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်ဆန္ဒမဲပေးခြင်းကို တနိုင်းမြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအ‌ဝေးခန်းမ၌ ယမန်နေ့ည‌နေ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်၌ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် အမှတ်(၂)တက္ကသိုလ် လေ့ကျင့်ရေးတပ်၊ တပ်ဖွဲ့ဝင်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့၌ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များ တောင်သူများလက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ထုတ်လုပ်သော လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။

ကော့သောင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂ဝ၂၅) ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂ဝ၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (နေ့သင်တန်း) တွင် တက်ရောက်ပညာသင်ကြားနေသည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊  ဌာနမှူး (စီမံ/ဘဏ္ဍာ)၊ ဌာနမှူး (သင်တန်းရေးရာ)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ ဌာနခွဲမှူး (အဝေးသင်-သင်တန်း)နှင့် တက္ကသိုလ်စာကြည့်တိုက်မှူးတို့ တက်ရောက်ကြသည်။

ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အိမ်တွင်းမှု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးနှင့် မိသားစုအပိုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ စာဖတ်ပြည်သူများအား MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ မိုးစပါးစိုက်ဧက (၂၀) ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာရှိ၊ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင် မိုးစပါးစိုက်ဧက (၂၀) ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းတွင် ပါဝင်မှုရှိ/ မရှိ တိုက်ဆိုင် စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များကို ရပ်ကွက်များအလိုက် စနစ်တကျ မြေပြင်ကွင်းဆင်းပြုလုပ်‌ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ မဲစာရင်းတွင် ပါဝင်မှုရှိ/ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် တိုက်ဆိုင်စစ်ဆေးခဲ့သည်။
Subscribe to