ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ရေကစားမဏ္ဍပ်များ ဆောက်လုပ်

ကျောက်ဆည် ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရေး ရေကစားမဏ္ဍပ်များ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ရေကစားမဏ္ဍပ်များကို ကျောက်ဆည်မြို့ ကံဦးရပ်ကွက် ဒေါ်သိုက်ကြီးကွေ့ ရန်ကုန်-မန္တလေးကားလမ်း၊ မင်းရဲ စိုက်ပျိုးရေပေး မြောင်းအနီးတွင် ဆောက်လုပ်လုပ်လျက်ရှိကြောင်းနှင့် သင်္ကြန်ပွဲတော်၌ ရေကစားပြည်သူများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဖျော်ဖြေရေးအဖွဲ့ (၆) ဖွဲ့မှလည်း ဖွင့်ပွဲနှင့် ပိတ်ပွဲများနှင့် သင်္ကြန်ရက်များတွင် အလှည့်ကျဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)