ကော့မှူးမြို့နယ် ကျိုက်‌ထော်(မြောက်)ကျေးရွာ၌ ဈေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး လိုက်လံစစ်ဆေး

ကော့မှူး ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်(မြောက်) နယ်မြေမီးသတ်စခန်းမှ ကျိုက်ထော်(မြောက်)ကျေးရွာအုပ်စု၊ အုန်းပင်စုပိုင်းရပ်ကွက်ရှိ ကျိုက်ထော်(မြောက်)ဈေးကြီး၌ ယမန်‌နေ့ညက ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့လိုက်လံစစ်‌ဆေးရာတွင် ကျိုက်‌ထော်(မြောက်)စျေးအား စျေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး၊ လုံခြုရေးမီးလိုင်းမှအပ မလိုအပ်သော လျှပ်စစ်မီးလိုင်းများ ပိတ်ထားစေရေး၊ စျေးလုံခြုံရေးအတွက် မီးကင်းများ စနစ်တကျ ချထားစေရေးနှင့် အခြားသော မီးဘေးလုံခြုံရေးကိစ္စရပ်များအား ကျိုက်ထော်နယ်မြေမီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးလင်းဇော်ဦးနှင့်သန္ဓေ()ဦး          မောင်ထည်ဝါ(ပေါ်ဘွယ်)၊ ကျိုက်‌ထော်(မြောက်)အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် စျေးတာဝန်ခံနှင့် စျေးလုံခြုံရေးအဖွဲ့များဖြင့် ဈေးအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)