မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်အတွင်းရှိ မိသားများ၏ ကိုယ်ထူကိုယ်ထ ကွန်ဂရစ်လမ်း ပြုပြင်ဆောင်ရွက်

မဟာအောင်မြေ ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်အတွင်းရှိ မိသားစုများ၏ ကိုယ်ထူကိုယ်ထ ကွန်ဂရစ်လမ်း ပြုပြင်ဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုယ်ထူကိုယ်ထ ကွန်ဂရစ်လမ်း ပြုပြင်ဆောင်ရွက်မှုများကို မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးယဉ်မောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဟေမမာလာတောင်လမ်းနှင့် ရေသန့်ထုတ်လုပ်နေမှုများ ကြည့်ရှု၍ ဟေမမာလာတောင်ရပ်ကွက်အတွင်းရှိ မိသားစုများ၏ ကိုယ်ထူကိုယ်ထ ကွန်ဂရစ်လမ်းပြုပြင်ရန်အတွက် လိုအပ်သော ကျောက်၊ သဲ၊ ဘိလပ်မြေများကို ကူညီပံ့ပိုးထောက်ပံ့ ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ကာ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း