သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာပြည်သူများအား ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 27,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် ပြောင်းရွေ့နေထိုင်သော ယာယီနေရပ်စွန့်ခွာပြည်သူများအား ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် Family Kit ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောက်မဲမြို့၊ အ.ထ.က(၃)ကျောင်းတွင် လူငယ်စကားဝိုင်းနှင့်နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Aug 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အ.ထ.က (၃)ကျောင်း၊ နဝရတ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ၁ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိ
Aug 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းတွာချက်အရ ဆည်ရေပြည့်အမှတ် (R.L 625)Ft ရှိရာမှ (R.L 626) Ft သို့ရောက်ရှိပြီး ပင်မရေပိုလွှဲမှ (၁)ပေ အမြင့်အဖြစ် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ
Aug 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။
လားရှိုးမြို့၊ ၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းမှူးတက်ရောက်အားပေး
Aug 27,2023
၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းဉပဒေများအကြောင်း အသိပညာပေးဟောပြောဆွေးနွေး
Aug 27,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ကြီးရွယ်အို အဘိုး၊ အဘွားများအား လေးစားချစ်ခင်၍ တန်ဖိုးထားပြီး ကိုယ်ချင်းစာစိတ် ထားတတ်စေရန်နှင့် ကောင်းမွန်သောစိတ်ဓာတ်များမွေးမြူတတ်စေရန်ရည်ရွယ်၍ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းဉပဒေများ အကြောင်းအသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်
Aug 27,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော် မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ
Aug 27,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဩဂုတ်လ ၂၅ ရက်နေ့နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်၊ ပုံပြောနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့သည်။