သတင်းများ

တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလားကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Aug 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့် “မသန်စွမ်းသူများပါဝင်ခွင့်ဆိုင်ရာအသိပေးဆွေးနွေးပွဲ”  ဖွင့်ပွဲအခမ်းအနား တက်ရောက်
Aug 27,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် မသန်စွမ်းသူများ ပါဝင်ခွင့်ဆိုင်ရာ အသိပေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများမှ ကလေးမြို့နယ်ကျေးရွာများသို့ ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံ
Aug 27,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကလေးမြို့နယ် အင်ဒိုင်း‌လေးကျေးရွာနှင့် အင်ဒိုင်းကြီးကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု၍ တောင်သူများနှင့်တွေ့ဆုံကာ မိုးသီးနှံစိုက်ပျိုးဧကများ လျာထားချက်ပြည့်မီကျော်လွန်ရေး၊ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးရေအားစနစ်တကျသုံးစွဲရေး လမ်းညွှန်မှာကြားသည်။
ဗိုလ်တထောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုပညာဦးစီးဌာနနှင့် ဗိုလ်တထောင်မြို့နယ် အ.လ.က(၁)ကျောင်းတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါ ကျောင်းခန်းမ၌ ယမန်နေ့ နံနက်၁၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ထိန်းသိမ်းနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်
Aug 27,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နတ်တလင်းခရိုင်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ထိန်းသိမ်းနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) ပိတ်ပွဲ အခမ်းအနား ကျင်းပ
Aug 27,2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ဆရာမများ အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃)ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီခွဲက သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့်  ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်
Aug 27,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီခွဲက သိမ္ဘလကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။