သတင်းများ

အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြုသင်တန်းဖွင့်ပွဲ ကျင်းပ
Aug 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းအထောက်အကူပြုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ဟိုပိတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမတွင်  ကျင်းပပြုလုပ်သည်။
ဟိုပန်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 28,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက်များအား သိရှိနိုင်ရေးအတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီက မန်ကောင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ပြုလုပ်
Aug 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အ.ထ.က မိုင်းနောင်ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်
Aug 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinoparm)ထိုးနှံခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြဝတီမြို့တွင် ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူးများ  လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး (၁/၂၀၂၃) သင်တန်း ဖွင့်လှစ်
Aug 28,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ   ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရးမှုးများ   လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးစေရေးအတွက် ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနအစည်းအဝေး ခန်းမတွင်လုပ်ငန်း စွမ်းဆာင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၃)ကို ဖွင့်လှစ်ပေးကြောင်း သိရသည်။
လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စာဖတ်ဝိုင်း ပြုလုပ်
Aug 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က လားရှိုးမြို့နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။
အမ်းမြို့နယ်၌ သန်းခေါင်စာရင်းကောက်ကောက်ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 28,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ ကောက်ယူမည့်လူ ဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ်ငန်း Census Units ကွင်းဆင်း ဖွဲ့စည်းဆောင်ရွက်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြိတ်တက္ကသိုလ်တွင် “တိုင်းရင်းသားအရေးတက္ကသိုလ်အခြေပြု ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်း သား ဆရာ/မများ၊ ကျောင်းသား/သူများ တွေ့ဆုံ၍ စကားဝိုင်းကျင်းပ
Aug 28,2023
တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် မြိတ်တက္ကသိုလ် တိုင်းရင်းသား ဆရာ/ မများ၊ ကျောင်းသား/သူများ တွေ့ဆုံပွဲကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပြီး “တိုင်းရင်းသားအရေး တက္ကသိုလ်အခြေပြု ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြသည်။