သတင်းများ

ကန့်ဘလူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၂၀၇ ၃၀၀ ဧက စိုက်ပျိုးပြီးစီး
Aug 27,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ပြည်သူအများစုသည် မိသားစုစီးပွားရေးလုပ်ငန်း အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထား စိုက်ပျိုးထုတ်လုပ်သော ဒေသတစ်ခုဖြစ်သည့်အလျောက် ရာသီအလိုက် စိုက်ပျိုးရေးသီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံသီးနှံ ၂၂၉၇၄၀ ဧကကို မေ၊ဇွန်လများက စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၂၀၇၃၀၀ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါး(၅၀၆၅၇)ဧက စိုက်ပျိုးပြီးဖြစ်
Aug 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှင်တွင် ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေး မိုးစပါး(၅၂၈၁၇)ဧက လျာထားစိုက်ပျိုးရာ (၅၀၆၅၇)ဧက စိုက်ပျိုးပြီးကြောင်းနှင့် လျားထားမိုးစပါးဧကများ ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာမှ ဇော်ဂျီ၊ ကင်းတား၊ သတက္ကုန်း ဆည်များမှ ရေပေးမြောင်းများအလိုက် စပါးစိုက်ရေများအား အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။
ကေ့ာကရိတ်မြို့ ဝဲကင်းအံကျေးရွာ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲပြုလုပ်
Aug 27,2023
လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က ဝဲကင်းအံကျေးရွာ အ.ထ.ကခွဲ ကျောင်းသူ/ကျောင်းသားများကို ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗန်းမော်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများသို့ စစ်ဆေးဆောင်ရွက်
Aug 27,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ နယ်စပ်‌ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများကို ယမန်နေ့နံနက် ၉ နာရီက သွားရောက်စစ်ဆေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့က ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့က တိုင်းဒေသကြီး /ခရိုင် /မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ ဆန်တစ်ပြည်လျှင်၂၅၀၀ ကျပ် သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး
Aug 27,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဆန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းကစ၍‌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့၊ ရွာတန်းအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Aug 27,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် ဉာဏ်ရည်ပြည့်ဝစေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့၊ ရွာတန်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ ကြို့ပင်ကောက်မြို့၌ ဆပ်ပြာကုန်ကြမ်းထုတ်လုပ်နေမှုအား ကြည့်ရှု့အားပေး
Aug 27,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ နွယ်ခွေရပ်ကွက်အတွင်းရှိ လုပ်ငန်းရှင်း ဦးဆန်းထူး၏ ဆပ်ပြာကုန်ကြမ်းထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။