(၄၄)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုင်ခါင်.စူး)ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ
Aug 28,2023
ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို ကရင်တိုင်းရင်းသား လူမျိုးများနေထိုင်ရာ နေရာဒေသအသီးသီးတွင် ဆွေမျိုးမိသားစုအလိုက်သော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ ရှိကြရာ ယမန်နေ့နံနက် ၉ နာရီခန့်က (၄၄)ကြိမ် မြောက်ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာ စုပေါင်းဆင်ယင်ကျင်းပခဲ့ကြသည်။