သတင်းများ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
Aug 27,2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ယမန်နေ့ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း တို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဉီးမြင့်စိုး ဒက္ခိဏသိရိမြို့နယ်၊ ညောင်ကုန်းစံပြကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေး
Aug 27,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဉီးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ညောင်ကုန်းစံပြကျေးရွာသို့ ရောက်ရှိကာ ကျေးရွာ SMU ခန်းမတွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ဩဂုတ် ၂၅ ရက်၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲ အစည်းအဝေးခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းပြားမြို့၌ စားသုံးသူအကာအကွယ်ပြုရေးအသိပညာပေးဟောပြောပွဲကျင်းပ
Aug 27,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကန့်ကော်မြိုင်အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသော တောင်သူများအား မျိုးစပါးနှင့်မြေဩဇာများထောက်ပံ့
Aug 27,2023
ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး/ရေလျှံခြင်း၊ လယ်ယာမြေများရေလွှမ်းခြင်း၊ စိုက်ပျိုးပြီးသီးနှံပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းတွင် မိုးစပါး သီးနှံပျက်စီး ဆုံးရှုံးသွားသော တောင်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မျိုးစပါးနှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio) တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်
Aug 27,2023
နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ၊ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်  ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက  ပြင်ပစာပေ အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
တွံတေးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက်၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင်ကျင်းပ
Aug 27,2023
လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီးလူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ များနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Edu Park ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ Edu Park ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပသည်။