လားရှိုးမြို့၊ ၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းမှူးတက်ရောက်အားပေး

လားရှိုး ဩဂုတ် ၂၇

၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ညနေ ၃ နာရီအချိန်က လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ ဘောလုံးချစ်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

ဗိုလ်လုပွဲတွင် ရပ်ကွက်-၁ (ခ) အသင်းနှင့် ရပ်ကွက်-၉ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရပ်ကွက် - ၉ အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသော ရပ်ကွက်(၉)အသင်းအား အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးကလည်းကောင်း၊ ဒုတိယဆုရရှိသော ရပ်ကွက်၁(ခ)အသင်းကို ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကလည်းကောင်း၊ တတိယဆုရရှိသော ရပ်ကွက်-၂ အသင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျောနှင့် တစ်ဦးချင်း ဆုရရှိသူများကို တာဝန်ရှိသူအသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲကို ဩဂုတ်လ ၄ ရက်နေ့မှစတင်ကာ အုပ်စု(၄)စုဖြင့်အသင်းပေါင်း (၁၆) သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)