မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ

အထက်မင်းလှ ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက   မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးမြတ်သူ၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သန်းတို့မှ ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများနှင့် တွေ့ဆုံရသည့်အကြောင်းအရင်းများကို ဆွေးနွေးခဲ့သည်။ ထို့နောက်  တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာသည့် ဆရာ၊ဆရာမများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်း ဆရာ၊ဆရာမများ စုစုပေါင်း အင်အား(၂၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)