ဥတ္တရသီရိ ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်းကို ဩဂုတ်လ၂၉ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော ဆောင်းနေကြာ၊ ဆောင်း နှမ်း၊ ဆောင်မြေပဲများကို အလေးထားစိုက်ပျိုးရန် ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ ဆန်ဖူလုံရေးအတွက် မိုးစပါးစိုက်ပျိုးရာတွင်သွင်းအားစုဖြည့်တင်းရေး နှင့်ရေလုံလောက်မှုရရှိစေရေးဆည်မြောင်းဦးစီးဌာနမှ အလှည့်ကျရေပေးဝေနိုင်ရေး၊ စိုက်ပျိုးမြေများအတွက် လက်ရှိစိုက်ပျိုးနေသော မြေနေရာတွင် နှစ်သီးမှ သုံးသီးစားစနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ အသားဖူလုံရေးအတွက် မွေးမြူရေးကိစ္စများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ရည်မှန်းချက်ပြည့်ဝအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများကလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူးဦးအောင်သူက ဆည်ရေများဝင်ရောက်မှုအခြေအနေများ၊ မိုးစပါးအတွက် ရေပေးဝေနိုင်မှုအခြေအနေများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးနိုင်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိမှုအခြေအနေများ ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတင်ထွန်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် မွေးမြူရေးလုပ်ငန်းများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြရာ အဖွဲ့ဝင်မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည်စွက်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ သည်။
အဆိုပါဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်MSME အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဇလောင်းကျေးရွာ ကွင်းအမှတ်-၁၈၈၀ ဦးပိုင်အမှတ်-၂၇/၂၈၊ တောင်သူဦးမျိုးဝင်း၏ လယ်မြေ၌ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ ၁အချိုး၃ အချိုးကျကျ ရောစပ်ပက်ဖျန်းရေးကွင်းသရုပ်ပြမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး တောင်ညိုကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဦးဟိန်းမင်းဇော်၏ ဝက်မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် အဖွဲ့ဝင်နှင့်တာဝန်ရှိသူများသည် ငလိုက်ဆည်နှင့် ဖောင်းလောင်ဆည်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတိုင်းမှူး ဦးခင်ဇော်နှင့်တာဝန်ရှိသူများက ရေဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ အဖွဲ့ဝင်မှလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)