မြင်းခြံမြို့ အ.ထ.က(၁)ကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မြင်းခြံ ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက(၁) ကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက အဆိုပါကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အခြေခံပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/ကျောင်းသူများအတွက် လူငယ်နှင့်စာဖတ်ခြင်းအကြောင်းအရာများနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရီရီဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် သိရှိရမည့် အကြောင်းအရာများကို အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ခရိုင်အခြေခံပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်ချို၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရီရီဝင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။   

ကျော်စွာ(မြင်းခြံ)