ရွှေတောင်မြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်

ရွှေတောင် သြဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား ထောက်ပံ့ငွေများအား ဩဂုတ် ၂၉ရက် နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော စိုက်ပျိုးရေးအထူးပြုကျောင်းသား (၁၁) ဦး၊ ကျောင်းသူ (၁၉) ဦးနှင့် မွေးမြူရေးအထူးပြု ကျောင်းသား (၁၂) ဦး၊ ကျောင်းသူ (၁၈) ဦး စုစုပေါင်းကျောင်းသား / ကျောင်းသူ (၆၀) ဦးတို့အား တစ်လလျှင် ၁၀၀၀၀/-နှုန်းဖြင့် ဇွန်၊ ဇူလိုင်၊ သြဂုတ် (၃) လအတွက် တစ်ဦးလျှင် (၃၀၀၀၀ိ/-) ကျပ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်တို့က ကျောင်းသား / ကျောင်းသူတစ်ဦးချင်းဆီသို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်