မြန်အောင် သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့် ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
မြန်အောင်ခရိုင်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (ဒု)ခေတ်ဟောင်းကာလပေါ်(အဆို)၊ အခြေခံ (၁၅-၂၀) ခေတ်ဟောင်းကာလပေါ်(အဆို)၊ အခြေခံအဆင့်(၁၅-၂၀) အမျိုးသားအက/ အမျိုးသမီးအက/ အိုးစည်အဖွဲ့လိုက်အတီး/ အခြေခံအရေး၊ အခြေခံအဆင့်(၁၀-၁၅) ကဗျာလွတ်အက၊ အခြေခံအဆင့်(၁၀-၁၅) အမျိုးသားအက/ အမျိုးသမီးအက/ စန္ဒားအတီး/ ပတ္တလားအတီး ပြိုင်ပွဲများတွင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ ဆုရရှိကြသော ပြိုင်ပွဲဝင်များကို ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဒီုင်ချုပ်အဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးသော ဂီတပညာရှင် အမျိုးသားစာပေဆုရစာရေးဆရာကြီး ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)နှင့် အကဲဖြတ်အမှတ်ပေးကြသော ဒိုင်အဖွဲ့ဝင်များ၊ အဆို၊ အက၊ အတီးဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများနှင့်ဖျော်ဖြေရေးအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
မြန်အောင်ခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုးနှင့်ဇနီးဒေါ်မူမူမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးမြင့်ကျော်၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)ခရိုင်လဝက ဦးစီးမှူးဦးတင်မြိုင်၊ မြန်အောင်ရေနံမြေအထွေထွေမန်နေဂျာ ဦးညွန့်နိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဥ်ယဥ်မာ၊ ဂီတပညာရှင် အမျိုးသားစာပေဆုရ စာရေးဆရာကြီး ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)၊ မြန်အောင်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ဇနီး ကြံခင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်ဇနီး၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်ဇနီး၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်များ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများတက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်
မြန်အောင်(ပြန်/ဆက်)