သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Aug 30,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  လေးမိုင်အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးများစတင်ဆွတ်ခူး
Aug 30,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊ တညှင်း၊ ဒူးရင်း၊  ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းမှုအဖြင့်ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုဩဂုတ်လနောက်ဆုံးပတ်မှစတင်ကာ ဖာလာသီးများစတင်ခူးယူပြီဖြစ် ကြောင်းသိရသည်။
ငဖဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
Aug 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသခံပြည်သူများ သွေိးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်နှင့်ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ “သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအားလုံး ပါဝင်ဆောင်ရွက်ပေး” အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ငဖဲမြို့အခြေခံအထက်တန်းကျောင်းနှင့် မြို့ဝင်ဂိတ်လူစည်ကားသည့်နေရာများတွင် အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က (၃၉) ၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 30,2023
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက အမှတ် (၃၉) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ရေးအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Aug 30,2023
ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ရေးအကြောင်း အသိပညာပေး Talk Showကို ဩဂုတ်လ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆောင်ရွက်ခဲ့ကြသည်။
နောင်ချိုမြို့နယ်  ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောက်ဂူ(မူလွန်)ကျောင်းတွင် ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်
Aug 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်၉နာရီက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောက်ဂူ(မူလွန်)တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား Biometric Data ကောက်ယူ၊ UID နံပါတ်များ ထုတ်ပေး
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက်များ(Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို သြဂုတ်လ(၂၈)ရက်နေ့မှ စတင်ကာ အ.ထ.က (ကျွန်းစု)ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မန္တလေးမြို့နယ် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊နွားများအား ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 30,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းကပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီးကုန်းရပ်ကွက်တွင် ကျင်းပခဲ့သည်။