မအူပင်၊ ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ယမန်နေ့နံနက်(၁၁)နာရီက အလျား(၃၀၀)ပေ၊ အနံ(၅၀)ပေခန့်မြစ်ကမ်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် နီးကပ်သည့်နေအိမ်(၈)လုံး ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည်။
အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းခဲ့သည့်နေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဘေးလွတ်ရာမြစ်ကမ်းနှင့် (၁၀၀၀)ပေခန့်ဝေးကွာသည့်နေရာတွင် နေအိမ်များပြန်လည် ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)