ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ ပြုလုပ်

ချမ်းမြသာစည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈ လမ်းx ၁၀၅ လမ်းဒေါင့်ရှိ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်၀၈:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။ 

အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန အထိမ်းအမှတ် သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေရေးရာဝန်ကြီးဌာန နှစ်ပတ်လည်နေ့ ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။‌ ထို့‌နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် Video Clip ပြသခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအေးသိန်းတို့မှ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများကို တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ ခရိုင်/မြို့နယ်များမှ ဥပဒေအရာရှိများ၊ ဥပဒေရေးရာဝန်ထမ်းများသို့ ပေးအပ်ခဲ့ပြီး‌နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အခမ်းအနားသို့  တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအေးသိန်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ ခရိုင်/မြို့နယ်များမှ ဥပဒေအရာရှိများ၊ ဥပဒေရေးရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

 ကျော်စွာ (ပြန်/ဆက်)