သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် ဝက်၊ ကြက်ဥ၊ ကြက်သွန်ဖြူ/နီနှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအားရောင်းချပေး

သာပေါင်း ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာတို့မှ ဝက်၊ ကြက်သွန်ဖြူ/နီ၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခွန်လွတ်ဈေးတွင် ဩဂုတ်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီ အချိန်က ရောင်းချပေးခဲ့ကြသည်။

အခွန်လွတ်ဈေးတွင် မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေး ကော်မတီအဖွဲ့ဝင်များ၊ တိ‌မွေးကုဦးစီးမှူး ဒေါက်တာကျော်လင်းနှင့် စားသုံးသူရေးရာဦးစီးဌာ၊ ဦးစီးမှူးဦးထွန်းမင်းလက်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းတို့က ပြင်ပဈေးနှုန်းထက် သက်သာစွာဖြင့် အခြေခံစားသောက်ကုန်များ ဖြစ်သောဝက်သား(၂၅)ကျပ်သား (၃၀၀၀)နှုန်းဖြင့် (၁၇)ပိဿာ၊ ကြက်ဥ တစ်လုံး(၂၅၀)ကျပ်နှုန်းဖြင့် (၇၄)လုံး၊ ဘဲဥတစ်လုံး(၃၀၀)ကျပ်နှုန်းဖြင့် (၆၅)လုံး၊ ကြက်သွန်ဖြူ တစ်ပိဿာ(၈၈၀၀)ကျပ်နှုန်းဖြင့် (၃.၂၅)ပိဿာ၊ ကြက်သွန်နီ တစ်ပိသာ(၂၆၀၀)ကျပ်နှုန်းဖြင့် (၃.၀၀)ပိဿာ၊ အာလူး တစ်ပိဿာ (၃၄၀၀)ကျပ်နှုန်းဖြင့် (၄.၅၀)ပိဿာ၊ ဟင်းသီး ဟင်းရွက်မျိုးစုံ(၁၀၄၀၀)ကျပ်ဘိုးတို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)