မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကျင်းပ

မိုင်းလုံ ဩဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ပုံတူပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ယခုလို ပုံတူပန်းချီပြိုင်ပွဲဆောင်ရွက်ရခြင်းသည် ‌အနုပညာကို စိတ်ဝင်စားစေရန်၊ ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေရန်၊ ကျောင်းစာအပြင် အခြားဗဟုသုတများကို ရရှိစေရန်၊ ကလေးငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုစေရန်ရည်ရွယ်၍  ဆောင်ရွက်ရခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စုစုဝင်းထံက သိရပြီးပြိုင်ပွဲတွင် ပုံတူစာရွက်များပေးပြီး ပန်းချီဆွဲကာ မိမိတို့စိတ်ကြိုက်ဆေးရောင်ခြယ်ခြင်းဖြင့် ပျော်ရွှင်စွာယှဉ်ပြိုင်စေပြီး ပြိုင်ပွဲဝင်ကလေးငယ်များကို အချိုရေနှင့်မုန့်များ‌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။     

ဇော်ဇော်(ပြန်/ဆက်)