ဘိုကလေးမြို့နယ်ရှိ ရပ်ကွက်များအတွင်း ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data) ကောက်ယူဆောင်ရွက်ပေးနေ

ဘိုကလေး ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံး အနေဖြင့် ယခုနှစ် ဇွန်လမှစတင်ကာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာ ကျောင်းများမှ ဝန်ထမ်းများ၊ သင်တန်းသား/သူများ၊ ကျောင်းသား/သူများအား ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data) ကောက်ယူ ဆောင်ရွက်ပေးခဲ့ပြီး ယခုလက်ရှိအချိန်တွင် မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်လက်ကွင်းဆင်းကာ ပြည်သူများအား  ရပ်ကွက်အလိုက် ကောက်ယူဆောင်ရွက်ပေးလျက်ရှိသည်။

ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data) ကောက်ယူရာတွင် အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသားတို့၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data)များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်များကို နေ့ချင်းပြီး ထုတ်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။

မိုးစက်(ဘိုကလေး)