ဖောင်းပြင် ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ယမန်နေ့နေ့လယ် ၁၂ နာရီခွဲ အချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေမှတ်အထက် ၁ စင်တီမီတာသို့ရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့၌ ရေများဝင်ရောက်လျက်ရှိရာ မြင့်ရေဝင်ရောက်မှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ အမက(၁) မူလွန်ကျောင်း၊ အမက(၂) မူလွန်ကျောင်းနှင့် ပိုးစာကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့မှာ ယာယီပိတ်ထားကြောင်းသိရသည်။
မြို့၏စိုးရိမ်ရေအမှတ်သည် ၁၃၂၅ စင်တီမီတာဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီအချိန် တိုင်းထွာချက်အရ ၁၃၂၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း လက်ရှိရေအမှတ်၌ပင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့၌ ရေများဝင်ရောက်လျက်ရှိကြောင်း ဖောင်းပြင်မြို့အထက်ပိုင်းရှိ ဟုမ္မလင်းမြို့၊ ခန္တီးမြို့နှင့်ကချင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုပိုလာပါက ဖောင်းပြင်မြို့၌ မြို့၏စိုးရိမ်ရေမှတ်အထက်သို့ ဆက်လက်မြင့်တက်လာနိုင်သဖြင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်မဖြစ်ပေါ်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြစေလိုကြောင်း မြို့နယ်မိုးဝေသနှင့်ဇလဗေဒတိုင်းထွာရေးစခန်းမှ စခန်းတာဝန်ခံ ဦးဂျွန်တူးအောင်က အကြံပြုထားသည်။
ကိုထွန်း(ဖောင်းပြင်)