ဖလမ်း ဩဂုတ် ၃၁
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းသားလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတတိုးပွားရေးရည်ရွယ်လျက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၃၀ ရက်၊ နံနက် ၀၉း၄၅ နာရီမှ ၁၁း၀၀ နာရီအထိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိန်းတမ်က လူငယ်နှင့်စာပေမြတ်နိုးစိတ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနားက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးဝင်းက မှုခင်းကျဆင်းရေးနှင့် ဥပဒေပြစ်မှုပြစ်ဒဏ်များ သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြိုနယ်ပညာရေးမှူး ဦးဟုမ်ဇထန်းက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖလမ်း မြို့မစခန်းမှူးဒုတိယရဲမှူးသိန်းဇော်က မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ဥပဒေပြစ်မှု၊ ပြစ်ဒဏ်များဆိုင်ရာသိကောင်းစရာ ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။
ဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကိမ်လွန်းနှင့်ဆရာ/မများ၊ ကျောင်းသား သူများစုစုပေါင်း (၄၃၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်