ဒဂုံတက္ကသိုလ်တွင် ဥပဒေဆိုင်ရာဟောပြောပွဲ ကျင်းပ

ဒဂုံအရှေ့ ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဒဂုံတက္ကသိုလ်၊ ဥပဒေဌာနမှ ကြီးမှူးကျင်းပသော ဥပဒေဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာသာထွန်းမောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဆရာကြီးဒေါက်တာ မောင်မောင်သိန်း၏ အတ္ထုပ္ပတ္တိကိုဖတ်ကြားခြင်း၊ ဆရာကြီးဒေါက်တာ မောင်မောင်သိန်း Ph.D (Law), LL.M, LL.B, B.A (Law)က Intellectural Property and Copyrights ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် တက်ရောက်လာသူများက မေးမြန်းသောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူးဒေါက်တာ ဦးလှိုင်အောင်ထွန်းမှ ဆရာကြီးဒေါက်တာ မောင်မောင်သိန်းအား အမှတ်တရလက်ဆောင်ပြန်လည် ပေးအပ်ခဲ့ပြီးနောက် ဒဂုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာစန်းစန်းမွှေး​က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဒဂုံတက္ကသိုလ် ပါမောက္ခချူပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးဆရာ၊ဆရာမများ၊ ဥပဒေဘာသာရပ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲမင်းထက် (ပြန်/ဆက်)