ဂွ စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာ၊ ကွင်းအမှတ် ၂၉၇ တွင် ယနေ့နံနက်ပိုင်း ၈ နာရီအချိန်က မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရူအားပေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် တာဝန်ရှိသူများက ရဟိုင်ကွင်းကျေးရွာ ကွင်းအမှတ် ၂၉၇ တောင်သူဦးမြင့်ထွန်း၏ လယ်မြေတွင်ပြုလုပ်သည့် မိုးစပါးထွန်တုံးပိတ်ပွဲသို့ သွားရောက်ကြည့်ရူခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်ထွန်းလင်းက ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွင် မိုးစပါး လျာထားဧကပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဂွမြို့နယ်အနေဖြင့် ယခုနှစ်မိုးစပါးရာသီတွင် ရေကြီးရေလျှံမှုများမရှိခဲ့သဖြင့် မိုးစပါးများကို လျာထားဧက ပြည့်မှီသည်အထိ အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ မိုးစပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စိုက်ဧကများပြည့်မှီကျော်လွန်ရေးနှင့် အထွက်နှုန်းများတိုးတက်ရေးအတွက်ကြိုးစားကြရန် တိုက်တွန်း မှာကြားခဲ့ပြီး အောင်မြင်ဖြစ်ထွန်းနေသော စပါးခင်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်