သာပေါင်း စက်တင်ဘာလ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့ဦးကျောင်း မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဦးမြင့်မြတ်ဇော်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးဝင်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ဦးစီးမှူးဦးထွန်းမင်းလက်နှင့်ဌာန ဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊မြို့နယ်ယာဥ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ ပူးပေါင်း၍ ခရီးသွားပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြားကိုင် ဆောင်သွားလာကြရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် တစ်ပါတည်းယူဆောင်လာကြရန်၊ တရားမဝင်ကုန် စည်များဖြန့်ဖြူး သယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများသယ်ဆောင်ခြင်း မပြုရေး၊ တရား မဝင်ကုန်စည်များဝင်ရောက်မှုမရှိစေရေး စစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဥ်များမှတ်ပုံတင် ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊စီးနင်းသွားလာခြင်းမရှိစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်၊ မော်တော်ဆိုင်ကယ်စီးနှင်းပါက ဆိုင်ကယ်ဆောင်းဦး ထုပ်ဆောင်း မေးသိုင်းကြိုးတပ်တင်၍ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး ပြည်သူများယာဥ်အန္တရာယ်ကင်းဝေးစေရေး စီစစ်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)