ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံအပ်ချုပ်စက် သင်တန်းအခမဲ့ ဖွင့်လှစ်

ကျွန်းစု စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကပ‌ကျေးရွာအုပ်စု၊ ကပကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက နိုင်ငံတော်အစိုးရမှ အလေးအထားအကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် အဆိုပါ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူမှုဘဝ တိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကပကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသက်အောင်ခိုင်က သင်တန်းဖွင့်လှစ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း၊ သင်တန်းကို စက်တင်ဘာလ(၁)ရက်နေ့ မှ အောက်တိုဘာလ (၃၁)ရက်နေ့အထိ (၂)လကြာ သင်တန်းကို သင်တန်းသူ (၂၀)ဦးအား စာတွေ့လက်တွေ့အခမဲ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)