စစ်ကိုင်းခရိုင်အဆင့်(၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်း  စက်တင်ဘာ  ၁

စစ်ကိုင်းခရိုင်အဆင့် (၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ  ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ (၁)ရက်၊ နံနက်(၉)နာရီက ခရိုင်စိမံအုပ်ချုပ် ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်ဆင့် က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်မှ နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၃ခု နှစ်တွင်လည်း(၂၄)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား မိမိနိုင်ငံ သူ/ နိုင်ငံသားအားလုံး မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန် ထက်မြတ်ရေး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေး၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ဆက်လက်ထွန်းကားပြန့်ပွားရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများ ထွန်းကားပြန့်ပွား ရေး၊ တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းမှ ကာကွယ်တားဆီးရေး စသည့်ရည်ရွယ်ချက်များနှင့်အညီ ကျင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းခရိုင်အနေဖြင့်လည်း စက်တင်ဘာလ ဒုတိယပတ်တွင် ပြိုင်ပွဲကျင်း ပသွားမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း ပေးအပ်ထားသည့်လုပ်ငန်းများကို ကော်မတီ အချင်းချင်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြကာ အခက်အခဲရှိပါက ဦးစီးကော်မတီသို့ အချိန်နှင့်တစ် ပြေးညီတင်ပြသွားကြဖို့ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ လုပ်ငန်းကော်မတီများနှင့် အနုပညာ ရှင်များက မိမိတို့လုပ်ငန်း ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ဇော်မြင့်နိုင်