မြို့သစ် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် KTV ၊ ဘား၊ ကလပ်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ(၃)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဖွင့်လှစ်လျက်ရှိသည့် KTV များတွင် လိုင်စင်ရှိ/မရှိ၊ KTVဆိုင်များတွင် တည်ဆောက်ထားသည့် အခန်းအရေအတွက်နှင့် ပါရှိသည့် အခန်းအရေအတွက် ကိုက်ညီခြင်းရှိ/မရှိ၊ ဆိုင်များအတွင်း သွယ်တန်းထားသည့် လျှပ်စစ်ပိုင်းများ ကောင်းမွန်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးစနစ်များ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေး မီးသတ်ဆေးဗူးများထားရှိခြင်း ရှိ/မရှိ၊သတ်မှတ်ထားသည့် အချိန်ကို ကျော်လွန်ဖွင့်လှစ်ခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ဖွင့်လှစ်လုပ်ကိုင် ဆောင်ရွက်ရွက်လျက်ရှိသော KTV များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိ စည်းကမ်းများ ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)