ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း  စက်တင်ဘာ  ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်းမိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအလွတ်တန်း ပိုက်ကျော် ခြင်းပြိုင်ပွဲဗိုလ်လုပွဲတွင် သိမ်ကုန်း(က)အသင်းနှင့် အင်ပင်ကြီး (ခ)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ သိမ်ကုန်း(က)အသင်းက(၃)ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ရှေးဦးစွာ သိမ်ကုန်း နတ်စင်မူလတန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများမှMyanmar Finid Danceအကဖြင့် သရုပ်ပြဖျော်ဖြေပြီး ဆုရအသင်းများမှ ကွင်းအတွင်းနေရာယူကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ဦးမြင့်ထွန်းက ပထမဆုရ သိမ်ကုန်း(က)အသင်းကို တစ်ဦးချင်းဆုတံဆိတ်၊ ဆုငွေကျပ်တစ်သိန်းနှင့်ဆုဒိုင်းကို ချီးမြှင့်ပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဒုတိယဆုရအင်ပင်ကြီး(ခ)အသင်း၊တတိယဆုရ တခိုင်လုံးရွေအသင်းတို့ကို တစ်ဦးချင်းဆု၊ နေရာအလိုက် အကောင်းဆုံးဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဖလားအလွတ်တန်း ပိုက်ကျော်ခြင်းပိုင်ပွဲပြိုင်ပွဲဝင် အသင်း(၁၂)သင်းအုပ်စုပတ်လည်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှသိရသည်။

ဇော်ဝင်းအောင်