မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ စာပေဟောပြောပွဲကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ပညာပါရမီခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က စာပေဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာပေဟောပြောပွဲတွင် အသိပညာနှင့် ကိုယ့်ကျင့်တရား ခေါင်းစဉ်ဖြင့် စာရေးဆရာမ မေကျော့ရှင်းဟောပြောခဲ့ပြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက ကျေးဇူးတင်စကား ပြောကြားသည်။ ထိုနောက် စာပေရေးရာများဟောပြောပေးခဲ့သော စာရေး ဆရာမ မေကျော့ရှင်းထံသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ကို အဆိုပါဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ပေးအပ်သည်။ အဆိုပါ စာပေဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်​ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်း နာယက ဘိုမျိုး(ရွှေဘို)နှင့် စာရေးဆရာများ၊ မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်မှ ဆရာဆရာမများ၊ သင်တန်း သားသင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ