မောက်မယ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂ နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

မောက်မယ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ဘဏ္ဍာ ရေးနှစ် (ဧပြီ ၊ မေ ၊ ဇွန်)လများအတွက် (MCCT)ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ  ဒေါ်ချိုချိုလွင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းဝင်များတို့က ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (ဧပြီ ၊ မေ ၊ ဇွန်)လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်၂နှစ်အောက်ကလေးငယ်များ၏ မိဘများလက်ဝယ်အရောက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)