ညောင်ဦး စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျပန်းစကားပြောအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ညောင်ဦးခရိုင် ပညာရေးမှူး ဦးအောင်ဌေးတို့မှအဖွင့်အမှာစကားပြောကြားကာ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က အခြေခံ ပညာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာကျပန်းစကား ပြောပြိုင်ပွဲကျင်းပ သည်။
အဆိုပါ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)မှအထက်တန်းကျောင်းသားကျောင်းသူများ၊ အခြေခံပညာအ ထက်တန်းကျောင်း (တောင်ဇင်း)မှ ကျောင်းသားကျောင်းသူများ၊ အခြေခံပညာအထက်တန်းကျောင်း(မြို့ မ)မှ ကျောင်းသား၊ ကျောင်းသူများ၊ ညောင်ဦးမြို့ တော်ဝင်ကိုယ်ပိုင် အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူများ၊ အားသစ်ကိုယ်ပိုင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသာကျောင်းသူများ၊ စုစုပေါင်း(၂၃)ဦးဝင် ရောက်၍ အထက်တန်းအဆင့်ကျပန်းစကား ပြောပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့် ဆုနှစ်ဆုတို့အား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)နှင့် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်မေသက်နွယ် (ဦးစီးအရာရှိ)၊ ညောင်ဦးမြို့နယ် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုရကျောင်းသား ကျောင်းသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း