သံတွဲမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆောင်ရွက်

သံတွဲ  စက်တင်ဘာ   ၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင် သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ လင်းသာရပ်ကွက်နှင့် မြပြင်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် လင်းသာရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးနှင့် မြပြင်ရပ်ကွက် မြရတနာ ဘုန်းတော်ကြီးကျောင်းတို့တွင် ပြည်သူများ၊ ကျောင်း သား၊ သူများနှင့်တွေ့ဆုံကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်က ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅) ကြောင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ ဒေသအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ထပ်မံ ချမှတ်ခဲ့သည့် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်/မြို့နယ်အဆင့် ဌာဆိုင်ရာများက နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

သန့်ဇင် (ခရိုင်ပြန်/ဆက်)