သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှု မရှိရေးကွင်းဆင်းစစ်ဆေး
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဓာတုဆေးဝါး၊ ဆိုးဆေးများ ပါဝင်သည့် စားသောက်ကုန်များ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
မြောက်ဥက္ကလာပမြို့နယ် အ.လ.က (၇) ကျောင်းတွင် စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းကို စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲက အ.လ.က (၇) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
မြစ်ရေကြီးခြင်း သတိပေးချက် ညောင်ဦးမြို့နယ် မြစ်ကြောင်းတစ်လျှောက် လိုက်လံနှိုးဆော်သတိပေး
Sep 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လျက်ရှိရာ မြစ်ရေကြီးခြင်းကြောင့် ဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မြစ်ကမ်းဘေးတစ်လျှောက်နေထိုင်ကြသူ ပြည်သူများကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်စေရန် လိုက်လံသတိပေးဆော်ဩခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြစ်ကြောင်း တစ်လျှောက် သတိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက အမှတ် (၈) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ပြုလုပ်
Sep 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန် သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 
ကျုံပျော်တွင် ပြည်သူများအတွက် ဧည့်မထဆန် တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်း သက်သာစွာရောင်းချပေး
Sep 06,2023
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက်  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဆန်စပါးကုန်သည်အသင်း လုပ်ငန်းရှင်းများက ဧည့်မထဆန် တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ  ရောင်းချပေးခြင်းကို ကျုံပျော်မြို့၊ မြဝတီရပ်ကွက်၊ မြို့မဈေးအနီး၌ စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီခွဲ အချိန်က စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရည်ရွယ်ကာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Sep 06,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၅)ရက် နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။