သတင်းများ

ရမည်းသင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်းဇင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ "ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲ"ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်လှစ်ကာ ယှဉ်ပြိုင်
Sep 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ ၂၄ ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 
တာလေမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဒေသဖွံ့ဖြိုးရေးလစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက် ခဲ့ကြောင်း သိရသည်။
ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် လူငယ်သတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 06,2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူငယ်လူရွယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး၊ လူငယ်ကဏ္ဍမြှင့်တင်ရေးအတွက် အထူးအလေးထားဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ လူငယ်သတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကြက်ခြေနီလူမှုကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲတက်ရောက်
Sep 06,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေဟိုတယ်ခန်းမ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်းပြုလုပ်သည့် ကြက်ခြေနီလူမှု ကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။
မိုင်းနောင်မြို့နယ်တွင် စာဖတ်ဝိုင်းပြုလုပ်
Sep 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး (Community Centre) တွင် (Book Club) အသင်းဝင်များက စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ဂရုဏာလက်များခေါင်းစဥ်ဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲ ကျင်းပ
Sep 06,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဂရုဏာလက်များခေါင်းစဥ်ဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက (အ.ထ.က) ပေါင် ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူငယ်သီတင်းပတ်အဖြစ် ကျင်းပသည့် လူငယ် စကားဝိုင်းအခမ်းအနားသို့ တက်ရောက်
Sep 06,2023
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်ပညာရေး ဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်သီတင်းပတ်အဖြစ်ကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။