ဘုတ်ပြင်း စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ နို့ငွါးကျေးရွာစု ချောင်းကဖီးကျေးရွာတွင်စက်တင်ဘာလ ၄ ရက်နေ့ ညနေက မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းကဖီးကျေးရွာ ဦးမိုးထိုက်၏ နေအိမ် (၁၈×၃၀)ပေ အုတ်ကြွပ်မိုး၊ အုတ်ညှပ်(၂)ထပ် တစ်လုံးပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ်(၁၁၀)သိန်းခန့်ရှိကြောင်းနှင့် ပျက်စီးခဲ့သည့်နေအိမ်မှ မိသားစုဝင်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်ရပ်မိရပ်ဖများက ဆွေမျိုးနီးစပ်သူ များနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အခြားလူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)