သံတောင်ကြီး စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၅)နှစ်နှင့်အထက် ကျောင်းသူ/ကျောင်သား စုစုပေါင်း (၁၇၉)ဦးတို့အား ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦး မှဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးမည့် ကျောင်းသူ/ကျောင်းသားများ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီးမှသာလျှင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ