ချောက်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား မ​ကွေးတိုင်း​ဒေသကြီး (FDA) မှကွင်းဆင်းစစ်ဆေး

ချောက် စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား စက်တင်ဘာလ (၄) ရက်​နေ့ နံနက် ၉ နာရီခွဲအချိန်က မ​ကွေးတိုင်း​ဒေသကြီး(FDA) မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ကုန်စုံဆိုင်များ၌​ ရောင်းချ​သော စား​သောက်ကုန်များတွင် အညွှန်းများတပ်ဆင်မှု ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိနှင့် (FDA) မှ တားမြစ်ထား​သောစား​သောက်ကုန်များ​အား ရောင်းချခြင်း ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မ​ကွေးတိုင်း​ဒေသကြီး (FDA) မှ တိုင်းတာဝန်ခံ ဒေါက်တာစိုင်းမင်းသူထွန်းနှင့်အဖွဲ့က ဦးဆောင်၍၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစစ်ငြိမ်း​အေး၊ မြို့နယ်ဆရာဝန်ကြီး​​ ဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာ​ရေးဝန်ထမ်းများ၊ မြို့မရဲစခန်းဒုရဲမှူး သန့်ဇင်ထူး၊ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချို​ဝေလွင်၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာလင်းတို့ပူးပေါင်း၍​ ဆောင်ရွက်ခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးဥပါဒ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရေး၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဥပဒေနှင့် ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်စေရေး၊ ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များ အနေဖြင့်လည်း ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့် ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့​ခြင်း​ဖြစ်ကြောင်း သိရ​သည်။

ကျော်မိုး(ပြန်/ဆက်)