သတင်းများ

ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ ကလေးသူငယ်အခွင့်အရေးကို ကလေးများ ကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့်အန္တရာယ်များအား မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်၊ ကလေးငယ်များသိရှိလိုက်နာတတ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု အ.ထ.က-တောင်ဒဂုံကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့၌ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Sep 06,2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့် အညီ လက်ကိုင်ဖုန်း (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းနှင့် ရုပ်သံလွှင့်မီဒီယာဝန်ဆောင်မှု လုပ်ငန်းများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၏အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘားအံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်
Sep 06,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်နေသူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းရည်မြင့်မားလာစေရန်အတွက် အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ပန်းတောင်းမြို့နယ် ကျွန်းမီးကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေတက်ရောက်မှုကြောင့် စာသင်ကျောင်း(၁)ကျောင်း ယာယီပိတ်ထားရ
Sep 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျွန်းမီးကျေးရွာအုပ်စု မြစိမ်းကျေးရွာရှိ အ.လ.က(မြစိမ်း)စာသင်ကျောင်းဝန်းအတွင်းသို့ ယမန်နေ့နေ့လယ်ပိုင်းက မြစ်ရေဝင်ရောက်သဖြင့် စာသင်ကျောင်း(၁)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။
ညောင်ဦးမြို့၌ ဆေးလိပ်ငွေ့ကင်းစင်ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၆ ရက်၊ နံနက် ၁၀ နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင်ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း (Naypyitaw State Academy) လူငယ်သီတင်းပတ် အထိမ်းအမှတ် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲသို့တက်ရောက်
Sep 06,2023
အနာဂါတ်မြန်မာနိုင်ငံတော်တွင် အားကိုးအားထားပြုထိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကိုရည်ရွယ်၍ (Naypyitaw State Academy) ၏ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အစီအစဉ်အနေဖြင့် လူငယ်များဉာဏဗလနှင့် ဘောဂဗလပြည့်စုံ စေရေးအတွက် လူငယ်နှင့်အလုပ်အကိုင် အခွင့်အလမ်း ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲနှင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် (Naypyitaw State Academy) ဘက်စုံခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ (Naypyitaw State Academy) မှ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ လူငယ်သီတင်းပတ်လှုပ်ရှားမှုများအဖြစ် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲများကျင်းပ
Sep 06,2023
လူငယ်သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကာယဗလမောင်ပြိုင်ပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ ဟောပြောပွဲကျင်းပ
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို မြသရဖူဆောင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။