ပိုင်ကျုံမြို့ ထီးဖိုးကိန်နှင့်ကြက်တူရွေးကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ပိုင်ကျုံ   စက်တင်ဘာ  ၆

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန် ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးငယ်များအတွက် (MCCT)ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ထီးဖိုးကိန်နှင့်ကြက်တူရွေးကျေးရွာ အုပ်စုတွင် တာဝန်ရှိသူများက လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်လျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့်  သုံးလစာငွေ ကျပ် (၄၅၀၀၀)ဖြင့် ကိုယ်ဝန် ဆောင် မိခင်နှင့်အသက်နှစ်နှစ်အောက်ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း(၁၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့်မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး  ထီးဖိုးကိန်ကျေးရွာအုပ်စုတွင် ( Maternal and Child Cash Transfer-MCCT )  အကျိုးခံစားခွင့်ရရှိသူ ၉၉ ဦးနှင့် ကြက်တူရွေး ကျေးရွာအုပ်စုတွင် ၄၀ ဦး  တို့အတွက် ထောက်ပံ့ငွေ (၅၈၈၀၀၀၀) ကျပ်ကို လက်ဝယ် အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)စုအတွင်းရှိ (MCCT) အကျိုးခံစားခွင့်ရှိသူ  ကိုယ်ဝန်ဆောင်မိခင် ၃၁၇ ဦးနှင့်အသက်နှစ်နှစ်အောက်ကလေးငယ် ၁၄၀၀ ဦး စုစုပေါင်း ၁၇၁၇ ဦးရှိကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)