သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Sep 07,2023
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းမွန်စွာ သင်ယူနိုင်စေရန်၊ အနာဂါတ်အတွက် အားထားရသည့် သားသမီးရတနာများ ဖြစ်နိုင်ကြစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် အ.မ.က (၄၀) ကျောင်းနှင့် အ.မ.က (၂၈) ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
မြောင်းမြ ပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းကျင်းပ
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြောင်းမြပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် လှုပ်ရှားမှု ကျင်းပပြုလုပ် လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြောင်းမြပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှု စွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကား ပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို မြောင်းမြ ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ ခရိုင်အဆင့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တွေ့ဆုံရှင်းလင်းပွဲကျင်းပ
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပသော ခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် တွေ့ဆုံရှင်းလင်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အထက- ၂ ကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရေစကြိုမြို့နယ်တွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Sep 07,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လွတ်လပ်ရေးပန်းခြံဝန်းအတွင်း၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် စားအုန်းဆီများကို ဒေသခံပြည်သူများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှ ၁၁၃၀ နာရီအချိန်ထိ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
ကန့်ဘလူမြို့၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ ရောင်းချ၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်
Sep 07,2023
ပြည်သူများ၏ နေ့စဥ်စားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၏ စီစဥ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ယမန်နေ့ နံနက် ၇ နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ရေးအစီအစဉ် (MCCT) အခမ်းအနားကျင်းပ
Sep 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ရေးအစီအစဉ်(MCCT) အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 07,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ကြံခင်းမြို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်း စျေးနှုန်း မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်(၉)နာရီအချိန်၌ ကြံခင်းမြို့နယ်၊ မြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ဈေးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြသည်။