ကန့်ဘလူမြို့ အထက(ခွဲ)ညောင်အိုင်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Sep 07,2023
လူငယ်များ၏ စွမ်းဆောင်ရည်များကို အားပေးမြှင့်တင်ခြင်းနှင့် လူငယ်များ၏ အတွေးအခေါ်အယူအဆများကို ပြောဆိုခွင့်ရရှိစေရေး၊ လူအများရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ အထက(ခွဲ)ညောင်အိုင်ကျောင်းခန်းမ၌ ကျင်းပသည်။