ကြံခင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်း စျေးနှုန်း မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်(၉)နာရီအချိန်၌ ကြံခင်းမြို့နယ်၊ မြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ဈေးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ကအခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငရုတ်သီး၊ ကြက်ဥ၊ ဘဲဥ နှင့်အသား၊ ငါးများအား ဒေသခံပြည်သူများဝယ်ယူ စားသောက်ရာတွင် အဆင်ပြေစေရန် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးရေး၊ ကုန်ဈေးနှုန်း မြင့်တက် ရောင်းချမှုမရှိစေရေး၊ ကုန်ပစ္စည်းများအား ပုံမှန်ဈေးနှုန်းများဖြင့် မှန်ကန်စွာ ရောင်းချစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)