တိုက်ကြီး စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် ချင်းကုန်းကျေးရွာအုပ်စု ကျားချောင်းကျေးရွာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး စိုးမိုးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး ပညာရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်က ပညာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးသည်။ ဆက်လက်ပြီး ကျန်းမာရေးစစ်ကြောင်းမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဉီးမင်းသိန်းက ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။
ထို့နောက်ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာနေပြည်သူများက မိမိတို့ဒေသဖွံဖြိုး ရေးအတွက်သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)