ဖျာပုံ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပသော ခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် တွေ့ဆုံရှင်းလင်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အထက- ၂ ကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် တွေ့ဆုံရှင်းလင်းပွဲ ကျင်းပရာတွင် ဖျာပုံခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့် က အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင်အတွင်း (ဖျာပုံ၊ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများက တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားသည့် အကြောင်းအရင်း များနှင့် အောင်ချက်နည်းရသည့် အကြောင်းအရင်းများ၏ သုံးသပ်ချက်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် ဆောင်ရွက်မည့် အစီအစဥ်များအား အသေးစိတ် ဆွေးနွေးတင်ပြကြရာ ခရိုင်ပညာရေးမှူး ဆရာမကြီးမှ ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။ အဆိုပါဆွေးနွေးပွဲသို့ ဖျာပုံခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်နှင့် ဝန်ထမ်းများ၊ ဖျာပုံခရိုင် (၄) မြို့နယ်မှ မြို့နယ် ပညာရေးမှူးများ၊ ခရိုင်အတွင်း (၄)မြို့နယ်ရှိ အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း (၁၅၀)ဦး ပါဝင် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)